ပို့ကုန်၊ သွင်းကုန်အမယ် ၃၀ဝ ကျော် ကို အော်တို လိုင်စင် စနစ်ဖြင့် ခွင့်ပြု

သွင်းကုန် ၁၆၅ မျိုးနှင့် ပို့ကုန် ၁၅၀ မျိုးအား ဇွန် ၁၄ ရက်မှ စတင်၍ ကြိုတင်လျှောက်

ထားစရာ မလို သော Auto လိုင်စင်စနစ်ဖြင့် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ အကြံပေး ဒေါက်တာမောင် အောင်ကပြောသည်။

” သတ်မှတ်ချက်ကတော့ ၁၀ ရက်အတွင်း လိုင်စင်ချပေးမယ်။ ဒါပေမဲ့ အခု သုံးရက်နဲ့ရအောင် လုပ်ပေးနေပါတယ်။ နယ်စပ်ရော ပုံမှန်ကုန်သွယ်ရေးကြောင်းက ပါ ခွင့်ပြုပေးထားတယ်” ဟု ဒေါက် တာမောင်အောင်က ဆိုသည်။ ခွင့်ပြုပေးထားသော ပစ္စည်း များတွင် လူသုံး၊ အိမ်သုံး၊ ဆောက် လုပ်ရေးနှင့် သစ်သီးဝလံတို့ပါဝင် သည်။ ယခု ခွင့်ပြုပေးသော စနစ် အရ လိုင်စင်လျှောက်ထားရန်အ တွက် နေပြည်တော်သို့ ကြေးနန်း တင်စရာမလိုဘဲ သက်ဆိုင်ရာကုန် သွယ်ရေးဇုန်များတွင် လျှောက် ထားနိုင်ပြီးဇွန်၁၆ရက်ကလျှောက် ထားရာ၌ နေ့ချင်းပြီးရရှိခဲ့ကြောင်း မူဆယ်ဒေသခံကုန်သည်ဦးသောင်း ထွန်းကပြောသည်။ ယခင်က လိုင်စင်လျှောက် ထားရာတွင် အနည်းဆုံးနှစ်ပတ် မှ တစ်လအထိ ကြာမြင့်ခဲ့ကြောင်း ကုန်သည်များက ဆိုသည်။ ယခုခွင့်ပြုပေးသော Auto လိုင်စင်စနစ်မှာ ပို့ကုန်လုပ်ငန်း အတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း သွင်းကုန်လုပ်ငန်း အတွက်များစွာအဆင်ပြေကြောင်း မူဆယ်ကုန်စည်ဒိုင်မှာ သွင်းကုန် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။

” သွင်းကုန်မှာဆိုရင် ကုန်ကျ စရိတ် အများကြီးသက်သာသွား တယ်။ အရင်းနည်းသွားတယ်။ အချိန်သက်သာတယ်။ လုပ်ငန်း မြန်လာတယ်”ဟု အဆိုပါ ကုန် သည်ကပြောသည်။ ထိုစနစ်ကြောင့် ပို့ကုန်ရငွေ (Export Earning) အရောင်း အဝယ်မှာ ပျောက်သလောက်ဖြစ် သွားပြီး ကုန်ပစ္စည်းများ တင်ပို့ခြင်း နှင့် တင်သွင်းခြင်းတို့တွင် သြည လိုင်စင် (လိုင်စင်မရှိသော စနစ်) ဖြစ်ရန်အတွက်ပထမခြေလှမ်းဖြစ် ကြောင်း စီးပွားရေးလုပ်ငန်း ကျွမ်း ကျင်သူများက ပြောသည်။ သို့သော် Auto လိုင်စင်စနစ်ဖြင့် တင်သွင်းခွင့်ပြုသော ကုန်ပစ္စည်း များတွင် လယ်ယာလုပ်ငန်းတွင် အဓိကအသုံးပြုရသော် ဓာတ်မြေ ဩဇာမပါဝင်ပေ။ ” မြန်မာနိုင်ငံလို စိုက်ပျိုးရေးအဓိကလုပ်တဲ့နိုင်ငံမှာ ဓာတ်မြေ ဩဇာကိုပါAuto လိုင်စင်စနစ်ဖြင့်တင်သွင်းခွင့်ပြုသင့်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်မှုဆောင်ဒေါက် တာစိုးထွန်းက အကြံပြုသည်။

သို့သော် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်ကိုမူ တရုတ်နိုင်ငံ ဝင်ကြေးဖြင့် လိုင်စင်ခွင့်ပြုသဖြင့် များစွာအကျိုးရှိ ကြောင်း မူဆယ်ဒေသခံဆန်တင်ပို့နေသူတစ်ဦးက ပြောသည်။ အစိုးရသစ်တက်လာပြီးနောက် စီးပွားရေးကူးသန်းဝန်ကြီး ဌာနက ကုန်သွယ်ရေးနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့လာခဲ့ရာ စားအုန်းဆီတင်သွင်းခွင့်၊ ကားတင်သွင်းခွင့်နှငAuto လိုင်စင် စနစ်မှာ အများပြည်သူအတွက် အကျိုးရှိသော ပြုပြင်ပြောင်းလဲမှု များဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s