Corning မှ အလွန်ပါးလွှာသော Willow Glass အား ထပ်မံထုတ်လုပ်

Corning မှ အလွန်ပါးလွှာကာ ကွေးညွတ် နိုင်သော ဝီလိုး ဖန်သားပြင်ကို

ထုတ်လုပ်လိုက်ပြီဟု ကြော်ငြာခဲ့သည်။ ဝီလိုး ဖန်သားပြင်ကြောင့် နောက်မျိုးဆက် နည်းပညာပစ္စည်းများ၏ ပုံသဏ္ဌာန်သည် လုံးဝ ပြောင်းလဲ သွားနိုင်သည်ဟု ဆိုခဲ့၏။ ဝီလိုးဖန်သားသည် ပါးလွှာကာ ပေါ့ပါးပြီး အကုန်အကျ နည်းပါးသော အနာဂတ် စမတ် မျက်နှာပြင်များကို ထောက်ပံ့ပေးနိုင်တော့မည် ဖြစ်သည်။ ပါးလွှာမှုနှင့် ပျော့ပျောင်း ကွေးညွတ်နိုင်မှုတို့ကြောင့် ဝီလိုးဖန်သားသည် device (သို့မဟုတ်) structure တစ်ခုအား ရစ်ပတ်၍ ထားနိုင်မည် ဖြစ်သည်။

ထို့အပြင် ဝီလိုး ဖန်သားပြင်သည် အပူချိန် ၅၀၀ ဒီဂရီ ဆဲလ်ဆီရပ်စ်အထိလည်း ခံနိုင်ရည်ရှိမည် ဖြစ်၏။ OLED (Organic light emitting diodes) နှင့် LCD (Liquid Crystal Display) နှစ်မျိုးစလုံးအတွက် အသုံးတည့်မည် ဖြစ်သည်။ ဝီလိုးဖန်သားသည် touch sensor နှင့် တွဲဖက်၍ အလွန် သင့်လျော်မည်ဖြစ်ပြီး ပါးလွှာသော devices များ လုပ်ဆောင်ရာတွင် များစွာ အသုံးဝင်မည် ဖြစ်သည်။

ဝီလိုးဖန်သားအား Fusion process ကို သုံးကာ တီထွင်ခဲ့ခြင်း ဖြစ်ပြီး Fusion နည်းပညာ တိုးတက်လာခြင်းကြောင့် 100 microns သာ ထူသော ဖန်သားကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုအထူမှာ စာရွက်တစ်ရွက်စာမျှသာ ထူမည် ဖြစ်သည်။ ဤမျှ ပါးလွှာသော ဖန်သားသည် ခိုင်ခံ့မှုရှိမည်ဖြစ်ကာ ကြည်လင်ပြီး အပူရှိန်ကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။ Corning သည် ယခုအခါ ဝီလိုးဖန်သားပြင် နမူနာများကို ၎င်း၏ ဖောက်သည်များထံသို့ ပေးပို့ထားပြီး ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s