Toshiba ၏ မျက်မှန်မလို “3D large-screen TV” မိတ်ဆက်ပြသ

Toshiba Singapore Pte, Ltd နှင့် AmburElectronics တို့မှ အာရှနိုင်ငံများ အတွင်း

Toshiba ၏ ပထမဦးဆုံး မျက်မှန်မလို “3D Large-screen TV” 55RZ1 model ကို ဇွန်လ ၁၄ ရက်နေ့ ညနေ ၆ နာရီတွင် Sedona Hotel ၌ အခမ်းအနား ပြုလုပ်၍ မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ မျက်မျန်မလိုဘဲ 3D ရုပ်လုံးရုပ်ကြွများကို ကြည့်ရှုနိုင်ခြင်းမှာ Toshiba ၏ high performance multiprocessor platform နှင့် REGZA Engine CEVO DUO S နည်းပညာကြောင့် ဖြစ်သည်။

အဆိုပါ REGZA Engine CEVO DUO S အင်ဂျင် နှစ်လုံးသည် မြင်ကွင်းကျယ် ပုံရိပ်ကိုးခုကို ထုတ်လုပ်၍ ပုံရိပ်များကို တိကျစွာ ထုတ်လွှင့်ပေးပြီး နေရာရှုထောင့်စုံမှ 3D ပုံရိပ်များကို ကြည့်ရှုနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ထို့အပြင် ရှုပ်ထွေးသော ကွန်ပျူတာ algorithms တွက်ချက်မှုများနှင့် 3D effect ပြုလုပ်ရန် လိုအပ်သော အချက်အလက်များကို ထုတ်လုပ်တိုင်းတာပေးပြီး ကြည့်ရှုသူ၏ မျက်နှာမူပုံ အနေအထားအရ အကောင်းဆုံး 3D ရုပ်ထွက်ကို ချိန်ပေးသော Face tracking application လည်း ထည့်သွင်း ပေးထားကြောင်း သိရသည်။

Toshiba ကုမ္ပဏီမှ အဆိုပါ 3D TV များအပြင် Power TV Series အသစ် PB2000 အား လည်းကောင်း၊ Graphic အရည်အသွေးမြင့် Laptop များအား လည်းကောင်း Product show ပြုလုပ်၍ မိတ်ဆက်ပြသခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ စိတ်လှုပ်ရှားဖွယ်ရာ Lucky draw အစီအစဉ်များ ပြုလုပ်၍ dealer ဆိုင်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s