ရတနာ သုံးပါး ရှိခိုးကန်တော့ရန်

၁။ ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၂။ ဓမ္ဓံ = တရားတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၃။ သံဃံ = သံဃာတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။

ကန်တော့ရန်

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ၊ အလေးအမြတ်၊ လက်အုပ်မိုး၍ ၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့ ၊ ကန်တော့ပါ၏ ၊ အရှင်ဘုရား ။

ဆုတောင်းရန်
ကန်တော့ရသော အကျိုးအားကြောင့်၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါးတို့မှ၊ အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ၊ ရပါလို၏ ၊ အရှင်ဘုရား ။

“ ဆွမ်းတော်ကပ်လှူရန် ”

အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊ ( ရည်မှန်း၍ )
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ ရသ သမ္ပနံ္န = အဆင်း အနံ့ အရသာနှင့်  ၊ ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယံ = ဤဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ပန်းကပ်လှူရန် ”

ဝဏ္ဏ ဂန္ဓ သမ္ပနံ္န = အဆင်း အနံ့နှင့်ပြည့်စုံသော၊
ဣမံပုပံ္ဖ = ဤပန်းကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ရေကပ်လှူရန် ”

သုဒ္ဓ သီတလ ပသန္နံ = သန့်ရှင်းအေးမြ ကြည်လင်လှသော၊
ဣမံ ပါနီယ ပရိဘေဇနီယံ = ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ဆီမီးကပ်လှူရန် ”

ပဘာဝဏ္ဏေဟိ = အရောင်အဆင်းတို့ဖြင့်၊
ဣမံ ဒီပ ဇာလံ = ဤဆီမီးလျှံကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

“ ဆုတောင်း ”

၁။ ဘုရားတပည့်တော်၊ တပြည့်တော်မတို့၏ ၊ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော်၊ ပန်း၊ ဆီမီး၊ သောက်တော်ရေ) ဤကောင်းမှုသည်၊ နောင်အခါ၌၊ လောကီလောကုတ္တရာ၊ ကြီးသောဥာဏ်ပညာ၏ ၊ ရကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။
၂။ ဘုရားတပည့်တော်၊ တပြည့်တော်မတို့၏၊ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေ ) ဤကောင်းမှုသည်၊ နိဗ္ဗာန်၏ ရောက်ကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။

“ မေတ္တာပို့ ”

၁။ လုံးစုံများစွာသတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၂။ ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ၊ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၃။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၎။ ဝေးနေ နီးနေ နှစ်ထွေများစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၆။ ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၇။ ကြီး ငယ် အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၈။ ဆူ ကြုံ အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ ။
၁၀။ အထင်သေးခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။

ဒိသာဖရဏမေတ္တာပွားနည်း

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။ ၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၅။ အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၈။အရှ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။ ။

“ အမျှဝေ ”

ဤသို့ပြုရ မြတ်ပုညကို မိဘနှစ်ဖြာ ဥာတကာနှင့် ဆရာသမား အစထား၍၊ နတ်များမကျန် ၊ သတ္တ၀ါမှန်သမျှ ၊ အနန္တတို့ ၊ ရကြပါစေ၊ အမျှဝေ၏ မသွေယခု ဤကောင်းမှုကို၊ သာဓု သာဓု သာဓု၊ ခေါ်စေသော ။

“ မေတ္တာပို့သခြင်းအကျိုး ”

ဗုဒ္ဓရှင်တော်ဘုရား လက်ထက်အခါတော်က သာဝတ္ထိပြည်မှ ယူဇနာတစ်ရာဝေးသော တောနေရဟန်း (၅၀၀) တို့ကို၊ နတ်ဘီးလူးတို့က ခြောက်လှန့်ကြ၏ ထို့ကြောင့်ရဟန်းတို့သည် တရားအားထုတ်သော် လည်း တရားထူးကို မရနိုင်ကြ ၊ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီးလူးတို့ခြောက်လှန့် မှုမပြုရန် မေတ္တာသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူပြီး ထိုရဟန်းတို့သည် မေတ္တာသုတ်ပရိတ်တော် တို့ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီးလူးတို့ခြောက်လှန့်မှုကင်းဝေးခဲ့၏ ။ ထိုမျှသာမက မေတ္တာ၏ အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ချမ်းသာစွာ အိပ်ရခြင်း ။
(၂) ချမ်းသာစွာ နိုးရခြင်း ။ (၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း ။
(၄) နတ်တို့က စောင့်ရှောက်ခြင်း ။
(၅) လူအများ ချစ်ခင်ခြင်း ။
(၆) မီးဘေး မသင့်နိုင်ခြင်း ။
(၇) အဆိပ် လက်နက် မသင့်ရောက်နိုင်ခြင်း ။
(၈) စိတ်တည်ကြည်ခြင်း ။
(၉) တွေဝေစွာ မသေရခြင်း ။
(၁၀) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟူ၍ (၁၁) ပါးရှိကြောင်း ပြဆိုထားပါသည် ။

—————————————————————
“ အမှန်တရား ဆိုတာ ဘာလဲ ”

အမှန်တရားနှင့် ပတ်သက်၍ အမျိုးမျိုးသော သူတို့- အယူအဆ အမျိုး တို့ ဖြင့် ဟောပြော မှု များ ရှိနေပေရာ -အမှန်တရားကို တိုင်းတာရန်အတွက် ဘယ်အချက်များကို သုံးရမည်နည်း ဟူသော ကာလာမ ရွာသားတို့  အမေးကို ဂေါတမဗုဒ္ဓ ဘုရား အရှင်သည် အောက်ပါ အတိုင်း ဖြေကြားတော် မူခဲ့ပါသည်။

“အို ကာလာမတို့-

(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ ….။

ကာလာမသုတ်

Fujitsu M532

Fujitsu ၏ M532 Tablet သစ်ကို ဝယ်ယူနိုင်

23 Aug 2012  |
By Net Guide

Fujitsu ၏ M532 Tablet သစ်ကို ဝယ်ယူနိုင်Fujitsu ကုမ္ပဏီက အသစ် ထုတ်လုပ် လိုက်သည့် အသွင်ဆန်းသစ် လှပသော M532 model အမျိုးအစား tablet ကို ဈေးကွက်တွင် စတင် ဝယ် ယူနိုင် ပြီဖြစ်ကြောင်း သိရှိရသည်။

Fujitsu သည် ၎င်းတို့ ပုံမှန်ထုတ်လုပ်နေကြဖြစ်သည့် Windows-powered သုံး slates များမှ ခွဲထွက်ပြီး Google ၏ Android 4.0 OS ဖြစ်သည့် Ice Cream Sandwich ကို အသုံးပြုကာ ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ M532 tablet အတွင်း၌ ပုံမှန်ပါဝင်နေကျ features များအပြင် ထပ်မံတိုးထားသော အကြမ်းခံနိုင်မှုနှင့် လုံခြုံမှုပိုင်း ပိုမိုအားကောင်းသော features များကြောင့် ခွဲထွက်မှု တစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်သည်။

M532 မှာ Fujitsu ကုမ္ပဏီ၏ tablet လောကသို့ ပထမဆုံးခြေလှမ်းအဖြစ် စမ်းသပ်ဝင်ရောက်လာမှုလည်း ဖြစ်ပြီး လက်ရှိတွင် tablets ဈေးကွက်မှာ လူကြိုက်အများဆုံး ဈေးကွက်တစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။ ၎င်းတို့၏ လက်ရှိထုတ်လုပ်ထားသော Slate PCs များမှာ Intel Atom processors နှင့် Windows 7 OS တို့ကို အသုံးပြုထားသည့်အတွက် လုပ်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းတွင် laptops၊ netbooks များနှင့် ပိုမိုနီးစပ်နေသည့်အချက်ကို M532 tablet ဖြင့် ခွဲထွက်လိုက်ခြင်းဖြစ်သည်။ Fujitsu က ၎င်းတို့၏ ထုတ်ကုန်သစ် M532 ကို စွမ်းဆောင်ရည်မြင့်သော လုပ်ငန်သုံး tablet အဖြစ် အသုံးပြုနိုင်စေရန် ဦးတည်ထားပြီး Google က ထုတ်လုပ်ထားသည့် ဈေးနှုန်းသင့် အတန်းအစားဖြစ်သည့် Nexus 7 ၏ ဈေးကွက်လမ်းကြောင်းမှ ခွဲထွက်ခြင်းလည်း ဖြစ်သည်ဟု ကြွေးကြော်ထားသည်။

M532 tablet တွင် Nvidia quad-core Tegra 3 chip၊ 1 GB RAM၊ 32 GB built-in storage၊ 802.11 b/g/n Wi-Fi၊ Bluetooth 3.0၊ GPS တို့ ပါဝင်ပြီး microSD card ကိုလည်း ထပ်တိုးသုံးစွဲနိုင်သည်။ 1280 x 800 resolution ရှိ 10.1 inch tablet ၏ ဈေးနှုန်းမှာ ၅၄၉ ဒေါ်လာရှိသည်။

Skin diseases

အရေပြားပေါ်က ညှင်းအကြောင်း သိကောင်း စရာ

18 Aug 2012  |
By Good Health

အရေပြားပေါ်က ညှင်းအကြောင်း သိကောင်းစရာ 	ညှင်းပေါက် တယ်ဆိုတာ အရေပြား ပေါ်မှာ ဖန်းဂပ်စ် မှိုစွဲတဲ့ အခြေ အနေ ဖြစ်ပြီး ယားယံတာနဲ့ မသက် မသာဝေဒ နာကို ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်အရေပြားမှာ သဘာဝအရ ဖန်းဂပ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးတွေ ရှိ နေတတ်ပါတယ်။ ပိုးတချို့က သိသိသာ သာ ကြီးထွားပြန့်ပွားလာတဲ့အခါ အရေပြား မှာ ယားနာ၊ ဝဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့ အ ရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

ဖြစ်ရသော အကြောင်းရင်း

Malassezia Furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် အရေပြားမှာ ညှင်းပေါက်ရတာ ဖြစ်ပါတယ်။ လူ့အရေ ပြားမှာ ညှင်းဖြစ်စေတဲ့ မှိုပိုးအနည်းငယ် က သဘာဝအရ ရှိနေပါတယ်။ ညှင်း ပေါက်ဖို့ အခြေအနေ ပေါ်လာချိန်မှာ မှိုပိုးကြောင့် ညှင်းပေါက်ရတာပါ။ အထူး သဖြင့် အရေပြားမှာ အဆီအိတ်ဂလင်း (Sebaceous Gland) တွေ စတင်ဖွံ့ဖြိုး လာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန် မှာ ညှင်းစပြီး ပေါက်နိုင်ပါတယ်။ အကြောင်း ကတော့ ညှင်းဖြစ်စေတဲ့ မှိုပိုးဟာ အရေ ပြားက အဆီဓာတ်ကို သဘောကျလို့ပါ။

ထင်ရှားသော အချက်

ညှင်းဟာ ပူပြင်းတဲ့ ရာသီမှာပေါက် နှုန်းများပါတယ်။ အထူး သဖြင့် ချွေးထွက် များပြီး အရေပြားမှာ အစိုဓာတ်များသူ တွေမှာ ညှင်းပေါက်တတ်ပါတယ်။ ညှင်း ပေါက်တဲ့အခါ ယားတတ်ပါတယ်။ ညှင်း ဟာ အများအားဖြင့် ရင်ဘတ်၊ ကျောပြင်၊ ချိုင်းတို့မှာ ပေါက်လေ့ရှိပြီး လည်ပင်း၊ မျက်နှာ၊ ပေါင် စတဲ့ နေရာတွေမှာလည်း ပေါက်တတ်ပါတယ်။ ညှင်းက မကူးတတ် ပါဘူး။

ဖြစ်နိုင်ခြေ များသူများ

ညှင်းပေါက်တာက မျိုးရိုးလိုက်တတ် ပါတယ်။ ဥပမာ- မိဘမှာ ညှင်းပေါက်တာ မျိုး ဖြစ်ခဲ့ဖူးရင် သားသမီး မှာ လည်း ဖြစ် နိုင်ခြေရှိ ပါတယ်။ နောက်တစ်ချက် အနေ နဲ့ ကိုယ်ခံစွမ်းအားကျဆင်းနေသူတွေ၊ စတီးရွိုက်ဆေးကို ရေရှည် သောက်ရသူ တွေနဲ့HIV/ AIDS ရောဂါရှိသူတွေ မှာ ညှင်းပေါက်နိုင်ခြေ များပါတယ်။ ကုသမှု Ketoconazole ပါတဲ့ ဗောက်ပျောက် ခေါင်းလျှော်ရည်ကို ညှင်းပေါက်တဲ့နေရာ တွေမှာ လိမ်းကာ ၁၀ မိနစ်ခန့် ထားပြီး ရေဆေးချရင် သက်သာစေတယ်လို့ အမျိုး သားကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာ မှုတစ်ရပ်အရ သိရပါတယ်။ ဒီကုသမှုကို ညှင်းမပျောက်မချင်း နှစ်ပတ်ခန့် ဆက် တိုက်ပြုလုပ်ပေးနိုင်ပါတယ်။

ကာကွယ်မှု

ညှင်းမပေါက်အောင် ကာကွယ်ဖို့ အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ အထူးသ ဖြင့် အတွင်းခံအဝတ်အစားတွေကို တစ် နေ့ တစ်ကြိမ်ပဲ ဝတ်သင့်ပါတယ်။ အဝတ် အစားကို သန့်သန့်ရှင်းရှင်း လျှော်ဖွပ်ကာ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။ အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ၊ ကိုယ်ခံအား ကျ နေသူတွေ၊ စတီးရွိုက်ဆေးသောက်နေ သူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့ အထူးအရေးကြီးပါတယ်။