Microsoft မှ ဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ

၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့ နည်းပညာ လောက တစ်ခုလုံးကို တုန်လှုပ် သွားစေ ခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လက်ကို ထိတွေ့ မျက်နှာပြင် အဖြစ် အသုံးပြုခြင်းကို လက်တွေ့ ပြသခဲ့လို့ ဆုများ လည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေ ပါပြီ ။ နောက်ဆိုရင် လူတိုင်း လက်မှာ ကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော် များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည် ထားကြ ပါတယ်။ ယင်းနည်းပညာ ဘယ်လို အလုပ်လုပ် မလဲ ဆိုတာ လူတိုင်း စိတ်ဝင်စား ပါတယ်။ သူ့ရဲ့  အလုပ်လုပ် ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့ အခါ အသံလှိုင်း၊ တုန်ခါမှုများ ဖြစ်ပေါ် စေပါတယ်။ ဥပမာ – ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချ သကဲ့ သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့ အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့ သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှု ကို ခြေရာခံမယ့် စက်သေး သေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့ လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင် သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှ မပါပါဘူး။ ယင်း ပရိုဂျက်တာ ထိုးထားတဲ့ အလင်းရောင် နေ ရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ်လာ စေဖို့ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်း ပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရို ဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာ သုသေတန ပြုလုပ်လို့ ဖန်တီး နေပါတယ်။ မိုက်ခရိုဆော့ဖ် ဆိုပေမယ့် အပြင်က အင်ဂျင်နီယာများ ဖြစ်ပြီး မိုက်ခရို ဆော့ရဲ့ ဓာတ်ခွဲခန်းကို အသုံးပြုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန် ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက် ဆက်စပ် နေပါတယ်။

အနာဂတ်မှာ အသုံးပြု ရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲ ကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြား နေရာ များမှာသာ ဖြစ်တော့မှာ ဆိုတော့ နည်းပ ညာ လောက သားတိုင်း စိတ်ဝင် တစား စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။

Ref: mircosoft,wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s