Best Free E-Book Websites

1. FreeBookSpot (http://www.freebookspot.com/)

အခမဲ့ e-book ပေါင်း ၄၄၈၅ အုပ်နဲ့ ခေါင်းစဉ်ပေါင်း ၉၆ ခုခွဲပြီးတင်ထားတယ်။ စုစုပေါင်း 71.79GB လောက်ပမာဏ ရှိပါတယ်။ သိပ္ပံ၊ အင်ဂျင်နီယာ၊ ပရိုဂရမ်မင်း ဘာသာရပ်တွေကိုလေ့လာနိုင်တယ်။ Registration လုပ်စရာမလိုဘူး

2. 4eBooks (http://4ebooks.org/)

ကွန်ပျူတာ programming နဲ့ပတ်သက်ပြီးလေ့လာစရာစာအုပ်တွေ ထောင်နဲ့ချီပြီး ရနိုင်ပါတယ်။ .NET, Actionscript, Ajax, Apache စတဲ့ programming ဘာသာရပ်တွေကို လေ့လာနိုင်ဖို့ စာအုပ်တွေ ရနိုင်ပါတယ်။

3. Free-Ebook (http://www.free-ebooks.net/)

စာအုပ်အလိုက်၊ စာရေးဆရာအလိုက် စီစဉ်ထားတဲ့ site တစ်ခုဖြစ်ပါတယ်။ Registration ကို အခမဲ့လုပ်ပြီး သူ့စာကြည့်တိုက်ထဲက စာအုပ်တွေကို အခမဲ့ download ယူနိုင်တယ်။

4. ManyBooks (http://manybooks.net/)

PDA, iPo, eBook Reader တွေအတွက် စာအုပ်ပေါင်းများစွာ ပေးထားတယ်။ ကိုယ်ကြိုက်တဲ့ခေါင်းစဉ်ကိုရွေးပြီး ရွေးချယ်နိုင်တယ်။ အခမဲ့စာအုပ်ပေါင်း ၂၁၂၈၂ အုပ်ကို download ချခွင့်ပေးထားတယ်။

5. GetFreeEbooks (http://www.getfreeebooks.com/)

စာအုပ်တွေအားလုံးကို free ပေးထားတယ်။ ဒီစာအုပ်တွေအားလုံးကလည်း တရားဝင်စာအုပ်တွေဖြစ်တာကြောင့် စိတ်သန့်သန့်နဲ့ download ချယူနိုင်တယ်။

6. FreeComputerBooks (http://freecomputerbooks.com/)

အွန်လိုင်းပေါ်မှာ တင်ထားတဲ့ အခမဲ့ ကွန်ပျူတာစာအုပ်ပေါင်းများစွာကို စုစည်းပေးထားတာပါ။ ပရိုဂရမ်းမင်း၊ သင်္ချာ၊ နည်းပညာဆိုင်ရာစာအုပ်တွေကို ပို့ချချက်တွေ၊ tutorial တွေလည်း စီစဉ်ပေးထားတယ်။ ခေါင်းစဉ်ပေါင်း ၁၂ ခုရှိ တယ်။ ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိတယ်။

7. FreeTechBooks (http://www.freetechbooks.com/)

အွန်လိုင်းကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာနဲ့ ပရိုဂရမ်းမင်းဆိုင်ရာ ပြဌာန်းစာအုပ်တွေ၊ ပို့ချချက်တွေကို တရားဝင်တင်ပေးထား တယ်။ နည်းပညာလေ့လာချင်သူတွေအတွက် အကျိုးများပါလိမ့်မယ်။

8. Scribd (http://www.scribd.com/)

အွန်လိုင်းပေါ်က document တွေကို share လုပ်ပေးနေတဲ့ site ဖြစ်ပါတယ်။ Word, Excel, PowerPoint, PDF format တွေနဲ့ရတယ်။ ကိုယ်ပိုင် blog သို့မဟုတ် webpage တွေအတွက် သုံးချင်ရင် အဆင်ပြေပါလိမ့်မယ်။

9. Globusz (http://www.globusz.com/)

ePublishing တွေကထုတ်တဲ့ e-book ပေါင်းစုံကို အခမဲ့ download ချယူနိုင်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ စာရေးဆရာတွေ၊ စာအုပ်တွေက ထိပ်တန်းတွေရနိုင်တာကြောင့် သဘောကျမိတယ်။

10. KnowFree (http://knowfree.net/)

e-Book တွေ ဗီဒီယိုလေ့ကျင့်ခန်းတွေနဲ့ အခြားပညာရေးဆိုင်ရာ ဆွေးနွေးချက်တွေ စာအုပ်တွေကို ရနိုင်ပါတယ်။ ကိုယ်တိုင်လေ့လာ သင်ယူနိုင်ရေးကို ဦးတည်ထားတဲ့ website တစ်ခုဖြစ်ပါတယ်။

Written by နွေဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s