တာယာနဲု့ ပါတ်သက်လို့ ..

ယာဉ်တိုက်မှု အကြောင်းတွေနဲ့ ပက်သက်ပြီး နောက်ထပ် ပြောစရာလေး တစ်ခုရှိလို့ပါ။ ဒီမှာဖြစ်တဲ့ ယာဉ်တိန်းမှောက်မှု အတော်များများဟာ တာယာကွဲပြီး ဖြစ်တာ တွေ့ရပါတယ်။

ကျွန်တော်ဆီမှာ က ကားအဟောင်းတွေစီးတာများတော့ အတော်များများကားတွေမှာ Owner Manual တွေ မပါတတ်ဘူး။ ပါလာရင်လည်း အများက သိပ်စိတ်မ၀င်စားကြဘူး။ တစ်ကယ်တော့ အဲ့စာအုပ်မှာ ကားအတွက် ဘယ်တာယာကို သုံးရမယ်။ လေပေါင်ဘယ်လောက်ထိုးရမယ် ဆိုတာတွေ ပါပြီးသားပါ။

ကျွန်တော်တို့ဆီမှာရှိသေးတယ် အလွိုင်းဂွေ အကြီးဆင်မယ်၊ တာယာ အပု တတ်မယ် ဆိုတာတွေ။ တစ်ကယ်တော့ ကိုယ့်ကားဟာ ၁၆ ဆိုဒ် ဂွေ တတ်လို့ရလား မရဘူးလား ဘယ်သူမှ မစဉ်းစားပါဘူး။ ကားလှဖို့တစ်ခုတည်းနဲ့ ဂွေအကြီးတွေကို တာယာ အပုတွေနဲ့ ဆင်ကြတာပါ။

အခု ကြုံလို့ တာယာ နဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်ကလေး နည်းနည်းလောက် ဝေမျှချင်ပါတယ်။ တာယာတစ်လုံးမှာ အဲ့ တာယာနဲ့ ပတ်သက်တဲ့ အချက်အလက် အကုန်ကို တာယာ ရဲ့ ဘေးနံရံ မှာ ရေးထိုးတာပါတယ်။

တစ်ခုက Aspect Ration ပေါ့ သူက တယာရဲ့ ဆိုဒ်ကို ပြေတာပါ။ ဥပမာ P 215/65 R15 ဆိုတာမျိုးရေးထားရင် တာယာရဲ့ အကျယ်က ၂၁၅ မီလီမီတာ ရှိပြီး အမြင့်က ၂၁၅ မီလီမီတာရဲ့ ၆၅% ရှိတယ်လို့ဆိုလိုပါတယ်။ ၂၁၈ x ၀.၆၅ ဆိုလေတော့ ၁၃၉ မီလီမီတာပေါ့။ ၁၅ ကတော့ ဂွေဆိုဒ်ပေါ့။ ရှေ့က P ကတော့ Passenger car အတွက်ပေါ့။ P နေရာမှာ LT ဆိုရင်တော့ Light Turck ပေါ့။ T ဆိုရင် Temporary လို့ဆိုလိုပါတယ်။ Spare Wheel တွေမှာ ပါတတ်ပါတယ်။

နောက်တစ်ခုကတော့ Load Index နဲ့ Speed Inndex ပါ အဲဒါကတော့ တာယာကို လေ ဘယ်လောက်ထိုးတားရင် Weight ဘယ်လောက်တင်နိုင်တယ် ဘယ်လောက်အထိ အမြန်မောင်းနိုင်တယ်ပေါ့။ ပုံမှပါတဲ့ 95H ပေါ့။ 95 က Load Index ဖြစ်ပြီး H ကတော့ Speed Index ပါ။
Speed Index ကို ဒီမှာကြည့်ပါ။
http://www.coasttire.com/tires/SpdRtngs.html

Load Index အသေးစိတ်ကိုတော့ အောက်ဆုံးမှာ ပါတဲ့ လင့် ကြည့်လို့ရပါတယ်။

နောက်တစ်ခုကတော့ တာယာကို ထုတ်လုပ်တဲ့ခုနှစ်ပါပဲ။ အဲဒါ အရေးကြီးပါတယ်။ ကျွန်တော်တို့ ဆီမှာ ဒိတ်အောက် နေတဲ့ တာယာတွေကို တင်သွင်းရောင်းချနေတာတွေ ရှိနေပါသေးတယ်။ ပုံမှာပါတဲ့ 0301 က ဘာကိုဆိုလိုတာတုံးဆိုတော့ 03 က နှစ်တစ် နှစ် ရဲ့ အပတ်စဉ်ပါ။ ၀၁ ကတော့ နှစ်ပေါ့ ဆိုလိုတာက အဲ့တာယာကို ၂၀၀၁ ခုနှစ်ရဲ့ ၃ ပတ်မြောက်မှာ ထုတ်တာပါ။ 4012 ဆိုရင် ၂၀၁၂ ခုမှစ် ရဲ့ အပတ် ၄၀ (40th Week) မြောက်နေ့မှာ ထုတ်တာပါ။

အရည်အသွေးကောင်းတဲ့ တာယာတွေတောင်မှာ ကားမှာ တပ်ဆင်တာ မတပ်ဆင်တာကို ဘေးဖယ်ပြီး ထုတ်တဲ့နှစ်က ၅ နှစ် ၆ နှစ်လောက်ကြာသွားရင် မသုံးသင့်တော့ပါဘူး။

ဒီတော့ တာယာ ၀ယ်တတ်တော့မယ်ဆိုရင် ထုတ်လုပ်တဲ့ ခုနှစ်ကို စစ်သင့်ပါတယ်။ ပြီးတော့ ကိုယ်ကားက ဘယ်တာယာ ဆိုဒ် ကို လေပေါင် ဘယ်လောက်ထိုးပြီး စီးသင့်တယ်ဆိုတာကိုလည်း လေ့လာသင့်ပါတယ်။

ယာဉ်မောင်းသူအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။

http://www.google.com/url?sa=t&rct=j&q&esrc=s&source=web&cd=7&cad=rja&ved=0CGMQFjAG&url=http%3A%2F%2Fwww.svtperformance.com%2Fforums%2Fattachments%2Fdiscount-tire-235%2F9512-best-price-drag-radial-load-vs-inflation-tables.pdf&ei=CbfkUda6DJGglQWtuYCQDQ&usg=AFQjCNFqgP6qj-L4RuO5oomN02rwZ1V-XA&sig2=uKVfBXBQjAQBIEHJN19Jxw

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s