သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်ခါဆို လဝါဆို..

ဂေါတမ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် ကပ္ပိလဝတ်
ပြည့်ရှင် သုဒ္ဒေါဓန မင်းကြီး၏ မိဖုရား သီရိမဟာ မာယာဒေဝီ၏ ဝမ်းကြာ
တိုက်၌ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် သန္ဓေယူတော် မူခဲ့သည်။ သူအို၊ သူနာ၊ သူသေနှင့် ရဟန်းတို့ကို မြင်ရသော် ဘဝသံသရာကို တရားသံဝေ
ဂရရာမှ သက်တော် ၂၉ နှစ်အရွယ် မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် (တနင်္လာနေ့)တွင် တောထွက်တော် မူခဲ့သည်။

မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် (စနေနေ့)တွင် မိဂဒါဝုန်၌ သီတင်း
သုံး နေတော်မူသော ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ တရားဟောကြား တော်မူ
ခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်ဟူ၍ ဗုဒ္ဓ ဘာသာဝင်တို့ အမှတ်အသား ပြုကြသည်။

ထို့အပြင် ဝါဆိုလပြည့်နေ့တွင် ဂေါတမ မြတ်စွာဘုရားရှင်၏ ထူးခြားမှု တစ်ခု
ရှိခဲ့သည်။ မဟာ သက္ကရာဇ် ၁၁ဝ ပြည့်နှစ် ဝါဆိုလပြည့်နေ့၌ မြတ်ဗုဒ္ဓသည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူ ပင်ရင်းတွင်တိတ္ထိတစ်သင်းအား နှိမ်နင်း
တော်မူရန် တန်ခိုးပြာဋိဟာ ပြခဲ့သည်။ ပြာဋိဟာပြ ရာတွင် ဗုဒ္ဓကိုယ်တော်မှ ထွက်သော မီးလျှံအဟုန်သည် အထက်သို့ ဖြာတက်၍ လည်းကောင်း၊ ကိုယ်တော် အောက်ပိုင်းမှ ရေအလျဉ်သည် တစိမ့်စိမ့်ဖြာထွက်၍ လည်း
ကောင်း၊ လက်ယာ မျက်လုံးတော်မှ မီးလျှံထွက်သော အခါ လက်ဝဲမျက်လုံး
တော်မှ ရေအလျဉ်ထွက်၍ လည်းကောင်း၊ လက်ယာ မျက်လုံးတော်မှ ရေ
အလျဉ် ထွက်သောအခါ လက်ဝဲမျက်လုံးတော်မှ မီးလျှံဖြာထွက်၍ လည်း
ကောင်း အထူးထူးသောတန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့သည်။ ထို့ကြောင့်
သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဟု ဗုဒ္ဓသာ သနာတော် သမိုင်းတွင် မှတ်တမ်း ရေးထိုးခဲ့သည်။

ဂေါတမ မြတ်စွာဘုရား သားတော်ရဟန်း သံဃာတော်အရှင်သူမြတ်
များသည် ဝါဆို လပြည့်ကျော် ၁ ရက် မှ သီတင်းကျွတ်လပြည့် အထိ ဝါတွင်း
သုံးလ ကာလပတ်လုံး မိမိတို့ သီတင်းသုံးရာ ကျောင်း၌ပင် သီတင်း သုံးကြ
ရသည်။ ရပ်ဝေးခရီးသို့ မကြွရန် ပညတ် ထားသည်။ ရဟန်းသံဃာများ ဝါကပ်ခြင်းတွင် ဝါထပ်သော နှစ်များ၌ ပထမဝါ ဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့ အထိကို ပုရိမဝါကပ်သည်ဟု ခေါ်ကြသည်။ ဒုတိယ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်
အထိကို ပစ္ဆိမဝါကပ်သည်ဟု ခေါ်ကြသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းကာလ၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားစခန်းဝင်၍ တရားအားထုတ်ခြင်း၊ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ်များ ကပ်လှူကြခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူကြခြင်း စသည်ဖြင့် ကုသိုလ်ကောင်းမှု ပြုကြသည်။

အင်ရုံရွာစားဝန်ကြီး သီရိဥဇနာစီရင် ရေးသားခဲ့သော လောကဗျူဟာ
ကျမ်းကြီး၌ ဝါဆိုလတွင် ပဉ္စင်းခံပွဲများ ကျင်းပပုံကို ရေးသားထားသည်။ ထိုကျမ်းတွင် ”ဝါဝင်အမိန့် ပြန်တမ်း”အမိန့်တော် ပြန်သည်ကို ရေးသား
ဖော်ပြထားရာ ”ပြည်သူ၊ ပြည်သားအပေါင်းတို့ ယခုဝါဆိုလ ရောက်ပေပြီ။ ပဉ္စသီ၊ အဋ္ဌသီ၊ ဒဿသီတို့ကို ဆောက်တည်၍ အလှူပေးခြင်း၊ သီလ သီတင်း ဆောက်တည်ခြင်း၊ ဘာဝနာ စီးဖြန်းခြင်းကိုလည်း သဒ္ဓါစေတနာ စိတ်ရှိသမျှ လှူဒါန်းဆောက် တည်ကြကုန်” ဟူသော စေ့ဆော်ချက်ကို
တွေ့ရသည်။

သို့ဖြစ်၍ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ် ဖြစ်သကဲ့သို့ ဝါတွင်းသုံးလ သည်လည်း ဗုဒ္ဓ
ဘာသာဝင်တို့ အဖို့ ဒါနကုသိုလ် အထူးပြုကြသော ကာလဖြစ်ရကား အများ ပြည်သူအပေါင်း အလှူရေစက် လက်နှင့်မကွာ ပြုနိုင်ကြစေကြောင်း
တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။
_________________________________

မြ၀တီ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s