မြန်မာ့ဆေးမင်ကြောင်

အင်္ဂလိပ်လို Tatoo ၊ မြန်မာလို ” ဆေးမင်ကြောင်” ဆိုသည်မှာ လူ၏ ကိုယ်အရေပြား ပေါ်တွင် စွဲမြဲစွာ ထင် နေစေရန်တုတ်၊ ဆူးချွန် အစရှိသော အရာများဖြင့်ဆေးရောင် သွင်းကာ အရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ် စသော အလှအပများ ထိုးနှံခြင်းကို ခေါ်သည်။ ဆေးမင်ကြောင် ဘယ်ကစ

ဆေးမင်ကြောင် ဓလေ့သည် ပိုလီနီးရှန်း (Polynesian) လူမျိုး များကစတင်သည်ဟု ဆိုကြသည်များ လည်းရှိသည်။ ဗြိတိန် ကျွန်းမြောက် ပိုင်းတွင် “အရုပ်ခြယ် လူများ” (The Painted People) များ နေထိုင်ကျက်စား ခဲ့သည်ဟုလည်းဆို ကြသည်။ ဥရောပနိုင်ငံ များသို့ ဆေးမင်ကြောင် (Tatoo) ဟူသောဝေါဟာရ စတင်ဆောင် ကြဉ်းလာသူမှာ နယ်မြေသစ်ရှာဖွေသူ ဂျိမ်းစ်ကွတ် (James Cook) ဖြစ်ပြီး ၁၇၇၁ ခုနှစ်တွင်ဖြစ်သည်။ ဆေးမင် ကြောင် မြတ်နိုး သူများက “အရေပြားအနုပညာ” (Skin Art)၊ ဆေးမင်ကြောင် အနုပညာ(Tatoo Art) စသဖြင့်လည်း ခေါ်ဆိုကြသည်။

ရှေးမြန်မာတို့က ထိုးကွင်းမင်ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်ဟူ၍ခေါ်ခဲ့ကြသည်။ မင်သေ့ထိုးနှံခြင်းဓလေ့ကို ပုဂံခေတ်က စတင်ခဲ့သည်ဟုယူဆကြသည်။ အင်းဝခေတ်ဆင်ဖြူရှင်သီဟသူ(၇၈၃- ၇၈၇) မင်သေ့ထိုးခြင်းကိုမြတ်နိုးပုံကိုမဏိ ရတနာပုံကျမ်းတွင်ဖော်ပြထားသည်။

ဆေးမင်ကြောင် ဘာကြောင့်ထိုး

ဆေးမင်ကြောင် ထိုးနှံရာတွင် ရည်ရွယ်ချက်များရှိရာ

(က) အမှတ်အသားအဖြစ် ထိုးနှံခြင်း

(ခ) အလှအပအဖြစ် ထိုးနှံခြင်း

(ဂ) စွဲလမ်းမှု အခြေခံ၍ အဆောင်သဘော ထိုးနှံခြင်းနှင့်

(ဃ) ထုံးတမ်း စဉ်လာအရ ထိုးနှံခြင်း တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံသား ယောက်ျားများသည် ရှေးဦးပိုင်းတွင် အဆောင် သဘောဖြင့်မင်ကြောင်များ ထိုးနှံလာခဲ့ရာမှ နောင်သော် အလှအပသဘောသို့ ရွေ့လျောလာခဲ့သည်။ ထိုမှတစ်ဖန် “ထိုးကွင်းရှိမှ ယောက်ျားပီသသည်” ဟူသော သဘောထားများ ဝင်ရောက် လာချိန်တွင်မူ ထုံးတမ်းစဉ် လာသဘော သက်ရောက် သွားခဲ့သည်။ မြန်မာနိုင်ငံမှ ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင်ပါးရဲထိုး(ပါးထိုး၊ ပါး မည်းထိုး)ခဲ့ကြဖူးသည်။ ပါးရဲ မပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်၊ မျက်နှာဖြူကြီးနှင့်”ဗန္ဓတ်” ဟု သဘောထား ခဲ့ကြသည်။ ထို့ပြင်နတ်”ပွယ်” သည် အခမ်းအနားများသို့ ဝင်ခွင့်မပြုခဲ့ပေ။

ဆေးမင်ကြောင်ဆေးများ

မြန်မာ့ထိုးကွင်းမင်ကြောင်၏ အစသည် မင်နှင့်ဆေးဝါးအစီအရင်ရောစပ်ကာ ဂါထာမန္တန်များ၊ အင်းများ၊ တစ်စုံတစ်ရာရည်ရွယ်ချက်ရှိသော အရုပ်များကို ထိုးနှံခြင်းမှ စတင်ခဲ့သည်ဟု ယူဆကြသည်။ ထိုကဲ့သို့ အစီအရင်ပြုလုပ်ရာတွင် အထက်ဆေးသုံးပါး၊ အောက်ဆေး နှစ်ပါးဟူ၍ ခွဲခြားထားသည်။

အထက်ဆေးသုံးပါးတွင် ဘုရား ဆေး၊ သိကြားနတ်ဗြဟ္မာဆေးနှင့် ဝိဇ္ဇာစသော အထက်လမ်း အတတ် ပညာဆိုင်ရာ ဆေးများပါဝင်သည်။ အောက်ဆေးနှစ်ပါးတွင် ကာယသိဒ္ဓိ ကိုယ်ခံဆေးနှင့် ပီယသိဒ္ဓိ ချစ်ဆေးများပါသည်။

ဆေးမင်ကြောင်သုံးမျိုး

မြန်မာတို့တွင် လူ၏ကိုယ်ခန္ဓာ အနှံ့ဆေးမင်ကြောင် ထိုးကြရာမျက်နှာတွင်ထိုးနှံခြင်း၊ ခါး၏အထက်ပိုင်းတွင် ထိုးနှံခြင်းနှင့် ခါးအောက် ပိုင်းထိုးနှံခြင်းတို့ဖြစ်သည်။ ခါး အောက်ပိုင်းတွင် ထိုးနှံသောအရုပ်များကို ယေဘုယျအားဖြင့် “ထိုးကွင်း” ဟုခေါ်ကြသည်။ ထိုကွင်းများတွင် အမျိုးပေါင်း ၆ဝ ကျော်ရှိသည်။

ဆေးမင်ကြောင်အရေးပါပုံ

အင်းဝခေတ်မှစ၍ ကုန်းဘောင် ခေတ်ကုန်ဆုံးပြီးနောက် နှစ်ပေါင်း အတန်ကြာသည်အထိ ဆေးမင်ကြောင်ခေတ်ကြီး အလွန်ကောင်းစားစဉ်က ထိုးကွင်းမင်ကြောင်မရှိလျှင် လူရာမဝင်သလောက်ပင် ဖြစ်သည်။ ကဗျာစာဆိုများကလည်း ကဗျာများတွင် ဆေးမင်ကြောင်အကြောင်း ဖွဲ့သီခဲ့ကြသည်။

ယောက်ျားပျိုလေးတစ်ယောက် က မိန်းမပျိုလေးတစ်ယောက်ကို နှစ်သက်သောကြောင့် နှစ်သက်သည်ပြောသည်ကိုပင် ထိုးကွင်းမင်ကြောင်နှင့် ဆုံးဖြတ်သည်။ ” အကယ်ပြောသလော၊ အကယ်ပြောသည်မှန်လျှင် မင်ကြောင်ထိုးဦး” ဟု ဆိုလေ့ရှိသည်။ မင်ကြောင်မရှိသူ၏ ပြောစကားသည် အချက်အလက်မပြည့်စုံသော လျှောက်လွှာသဖွယ်ဖြစ်သည်။” သျှောင်တွဲနှင့် ပေါင်မည်းနှင့်” ဟူ၍ ခံ့ညားပုံကိုဖော်ပြခဲ့ကြသည်။ ” ပေါင်းဖြူချင်း သေမင်းခေါ်တတ်တယ်” ဟူ၍ ထိုးကွင်းမရှိသူကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ် သင့်ကြောင်း ရည်ညွှန်းခဲ့ကြသည်ကို တွေ့ရှိရသည်။

YYL

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s