ထိုင်းကြက်သားသုပ်

ပါဝင်သောပစ္စည်းများ

၁။ ကြက်သား – ၂၀ ကျပ်သား (နှုတ်နှုတ်ဆင်းပါ)

၂။ ကြက်သွန်နီ – ၁လုံးခွဲ (နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၅။ ပြောင်းဖူးသေး – ၅ခု (နှုတ်နှုတ်ဆင်းပါ)

၆။ စပါးလင် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၇။ ရှမ်းနံနံ – ၂ပင် (အစောင်းလှီးပါ)

၈။ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၉။ ငရုတ်သီးနီိ – ၆ခု (အစောင်းလှီးပါ)

၁၀။ နံနံပင် – ၁စည်း

၁၁။ သံပရာသီး – ၁လုံး

၁၂။ ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်

၁၃။ အုန်းနို့မှုန့် (Coconut Powder) (သို့) Coconut Cream – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို ဆီထိုးပေးပါ။

၂။ ထို့နောက် ပြောင်းဖူးသေး၊ စပါးလင် ထည့်မွှေပါ။

၃။ ငရုတ်သီးနီ၊ ကြက်သား ထည့်မွှေ။ အရသာအပေါ့အငံအတွက် ခရုဆီ၊ ဆား(လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သံပရာသီး ညှစ်၊ ငံပြာရည်၊ ထည့်မွှေပေးပါ။

၎။ အုန်းနို့မှုန့် ထည့်မွှေပေးပါ။ ပြီးလျှင် အပေါ်မှ ရှမ်းနံနံ၊ နံနံပင် အုပ်ပေးပါ။

၅။ ထိုင်းစတိုင် အရသာရှိသော ကြက်သားသုပ်ကို မြိန်ရှပ်စွာစားသုံးနိုင်ပါပြီး။

ဟင်းအကြောင်း

– ၀တ်ရည်က ထိုင်းကြက်သားသုပ်ကို အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ ထူးခြားမူကြောင့်ပါ။ တခြားအသုပ်တွေနဲ့ မတူပဲ သူရဲ့ထူးခြားမူက ဟင်းလိုချက်ရတာပါပဲ.. အုန်းနို့ထည့်ရတဲ့ အတွက် အရသာက အနည်းငယ်စပ်ပြီး စိမ်၍ မွှေးနေပါတယ်။ ထိုင်းစားသောက်ဆိုင်ကြီးများမှာ မှာယူစားသောက်နိုင်ပါတယ်။

By Wutyee Food House

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s